အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပြီးသူများအား ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကာကွယ်ဆေးဒုတိယအကြိမ်ကို စတင်ထိုးနှံပေးကြောင်း သိရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်းကာ ပထမအကြိမ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသောရဟန်း သံဃာများ၊ အသက်(၆၅)နှစ် အထက်မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်သူဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်သီသီခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အဓိကကျသည့် ကာကွယ်ရေး နည်းလမ်းများကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Aug 31,2021
မိတ္ထီလာမြို့တွင် မြို့နယ် ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏  ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဖူလုံရေးအာမခံအစီအစဉ်တွင်ပါဝင်သည့် စက်ရုံအလုပ်ရုံ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်‌ခေါင်း မြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ အဖွဲ့ (၂)ဖွဲ့ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အသက် ၆၅ နှစ်အထက် ဘိုး/ဘွားများနှင့် ဦးစားပေး အုပ်စုပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရွှေအမ်း တောင်ခန်းမအပါအဝင် မြို့နယ်အတွင်း စုရပ်(၅)နေရာ သတ်မှတ်၍ ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက်အဘိုးဘွားများ၊ သာသနာ့အနွယ် ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ စသဖြင့်ဦးတည်အုပ်စု (၁၂)ခုတို့မှ (ပထမ)အကြိမ်၊ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယ အကြိမ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ တနင်္သာရီ မြို့ပေါ်တွင် အမက-ချောင်းငယ်ကျောင်း ဆေးထိုးစုရပ်၊ အထက(ခွဲ)မောတောင်နှင့် ညောင်ပင်ကွင်း ကျေးလက် ကျန်းမာရေးဌာနတို့တွင် ဆေးထိုးစုရပ်(၃)ခုခွဲ၍ တစ်ပြိုင်တည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိ ရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး ခြင်းကို အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(မေရီလန်း) ၊ ကော့ကပ် SH ၊ ကျုံရှ SH တို့တွင် စုရပ်(၄)နေရာသတ်မှတ်၍ ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။