Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးန…
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၃၀ ရက်က ဝမ်ယို့မိုင် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်(မှော်၀င်းချောင်း)အတွင်း ငါးသယံဇာတဖူလုံ စေရေးအတွက် ငါးအကောင်ရေ(၇၅၀၀၀၀)စိုက်ထည့်
Aug 31,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ်၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်၀င်းချောင်း)အတွင်း ယနေ့နံနက်၈နာရီခွဲ အချိန်က ငါးအကောင်ရေ (၇၅၀၀၀၀) အားငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သူ ၅၄၇၀ ဦးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေး၊ ပထမ အကြိမ်ထိုးနှံပြီးစီးခဲ့သူ ၅၄၇၀ ဦးထဲမှ သတ်မှတ်ရက်အလိုက် ပြန်လည်ထိုးနှံကြမည့် ၅၅၆ ဦးအား ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်း မတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ဒုတိယ) အကြိမ်အဖြစ် ဆေးထိုးစုရပ်(၃)ခုခွဲ၍ ထိုးနှံပေး
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အတွင်းအသက်(၆၅)နှစ်နှင့်အထက် အဘိုးဘွားများ၊ သာသနာ့ အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့မှ (ပထမ)အကြိမ်၊ Sinopharm ကိုဗစ် ရောဂါကာကွယ်ဆေးထိုး နှံပြီးသူများအား (ဒုတိယ)အကြိမ်၊ ဒုတိယနေ့ အဖြစ် ယမန်နေ့ နံနက် ၉နာရီအချိန်မှ ညနေ ၄နာရီ ၃၀ အချိန် အထိ အမက-ချောင်းငယ် ဆေးထိုးစုရပ်၊ အထက(ခွဲ) မောတောင်နှင့် အထက-ညောင်ပင်ကွင်းဆေးထိုးစုရပ်ဟူ၍ (၃)ခုခွဲ၍ တစ်ပြိုင်တည်းဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများ ဒုတိယနေ့ ဆက်လက်ထိုးနှံတိုက်ကျွေးပေး
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်နံနက် ၉ နာရီမှ ၁၂နာရီအချိန်အထိ ကာကွယ်ဆေးများ ဒုတိယနေ့ ဆက်လက်ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂)ဦး ထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၄၈၀)ဦးရှိပြီဖြစ်
Aug 31,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများ နှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဩဂုတ် ၃၀ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၂) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနရှိ အချုပ်သား/အချုပ်သူ နှင့် အကျဉ်းသား/ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 31,2021
မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ် အကျဉ်းဦးစီးဌာနရှိ အမျိုးသားအကျဆောင် (၂)နှင့် အမျိုးသမီးအကျဆောင်(၁)တို့၌ ယနေ့ နံနက် ၉နာရီက အချုပ်သား/အချုပ်သူ နှင့် အကျဉ်းသား/ အကျဉ်းသူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25753
Page
25754
Page
25755
Page
25756
Current page
25757
Page
25758
Page
25759
Page
25760
Page
25761
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department