ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ

ကန်ကြီးထောင့်   သြဂုတ်   ၃၁ 

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံကွန်ပြူတာသင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတွင် သင်တန်းသား  (၇)ဦးနှင့်သင်တန်းသူ(၈)ဦး စုစုပေါင်း (၁၅)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။

သင်တန်းချိန်မှာ နံက် ၉ နာရီမှ ညနေ  ၄ နာရီအထိဖြစ်ပြီး ၄င်းသင်တန်းတွင် တက်ရောက်သူများမှာ ဘွဲ့ရများနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထား ကြသူများဖြစ်သည်။ သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားနေစဉ် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွါးမှုကြောင့် ယာယီရပ်နားခဲ့ရာမှ သြဂုတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့ပြီး စက်တင်ဘာလ  ၁၁  ရက်နေ့အထိ ၂၅  ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မဇင်(ရွှေကန်မြေ)