နတ်မောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သြဂုတ်(၂၅)ရက်မှ (၃၁)ရက်နေ့အထိ နှာခေါင်းစည်း Mask များကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ အဖွဲ့(၆)ဖွဲ့ခွဲပြီး ကျေးရွာအုပ်စု (၇၃)အုပ်စုကျေးရွာပေါင်း (၂၃၄)ရွာရှိ အိမ်ထောင်စုများလက်ဝယ်အရောက် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နတ်မောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအနည်းငယ် လျော့နည်းလာသည့်အတွက် ပိုးတွေ့မှုနှုန်းလျော့ချ ကာကွယ်နိုင်ရန် ရည်ရွယ်၍ နတ်မောက်မြို့နယ်ကျေးရွာများသို့ နှာခေါင်းစည်း Mask ဘူး(၄၈၅၀) ဘူး၊ အခုရေ (၂၄၂၀၀၀)ခု တို့အား ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုများ တစ်အိမ်ထောင်လျှင် နှာခေါင်းစည်း Mask (၅)ခုနှုန်းကို ဒေသခံပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)