ပန်းဘဲတန်း၊ ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅) နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ်(၃၀)ရက်နေ့မှစတင်ပြီး နံနက်(၉)နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဧကရီခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှှင့်အညီဆောင်ရွက်ကြသည်။
ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်း Volunteer များက ဝိုင်ဝန်း ကူညီဆောင်ရွက်ပေးကြသည်။
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်အဖြစ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ စီစဉ်ဆောင်ရွက်ထားရှိပြီး ပန်းဘဲတန်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အသက် (၆၅)နှစ်နှင့်အထက်မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ် ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရ သေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ စသည်ဖြင့် သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်