Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော် ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် မြို့ရေပေးဝေရေးလုပ်ငန်း…
Aug 31,2021
ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီး များ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘွက်ရိုးအုပ်စု ကျောင်းကုန်းကျေးရွာ အရှေ့ထိပ်တွင် ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများမှ အိမ်ထောင်စုများ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ မြစ်ရေဝင်ရောက်မှုများကြောင့် ယနေ့ နေ့လယ်ပိုင်းအချိန်ထိ အိမ်ထောင်စုပေါင်း (၂၀၁)စု၊ လူဦးရေ (၃၉၃)ဦးတို့ကို သံကန်တန်း၊ ကျောက်ကုန်း၊ အောက်ကျောင်း၊ သရက်တောဘုန်းကြီးကျောင်း၊ ညောင်ဇင်ဘုန်းကြီး ကျောင်းနှင့် ပဒေသာကျွန်းကျေးရွာ စသည့် ရေဘေးလွတ်ရာနေရာ အသီးသီးတို့တွင် ယာယီပြောင်းရွှေ့ နေရာ ချထားဆောင်ရွက်ပေးခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ ဘုရင့်တောင်ကျေးရွာရှိ ဒေသခံ ကရင်တိုင်းရင်းသားလူမျိုးများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊ ဘုရင့်တောင်ကျေးရွာရှိကရင်တိုင်းရင်းသားလူမျိုးများ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ကိုယနေ့နံနက် (၈)နာရီခွဲ အချိန်ခန့်က ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ဘုရင့်တောင်ကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ်မြောက်စတင်ထိုးနှံ
Aug 31,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွား များအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများနှင့် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်၉နာရီ အချိန်က ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး
Aug 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ မွန်းလွဲပိုင်းအထိ အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်− ၁၉ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ ၌ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25748
Page
25749
Page
25750
Page
25751
Current page
25752
Page
25753
Page
25754
Page
25755
Page
25756
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department