Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်လာရောက်ထိုးနှံကြသည့် အဘိုးအဘွားများနှင့် ပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေ…
Aug 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် လာ ရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့်အထက်အဘိုးအဘွားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ ဝန်ထမ်းများက နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ကိုဆေးကြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိ
Aug 31,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်မြစ်ကမ်း ဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေး ရွာနှင့် မြင်းခြံစုကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်း မြစ်ရေဝင် ရောက်မှုများ ရှိနေကြောင်းပွင့်ဖြူ မြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ ဝန်ထမ်းများ နှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေနဒီဦးခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီမှစ၍ အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့အတွင်း အထူးလျော့စျေးဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ကြက်သွန်နီနှင့် သားငါး ကုန်စိမ်းများအား စျေးကားဖြင့် လှည့်လည်ရောင်းချ
Aug 31,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ကုန် များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် အထူးလျော့ဈေးဖြင့် ယနေ့နံနက်ပိုင်းက မြို့အတွင်း စျေးကား (၅)စီးဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများနှင့် ပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား ကြည့်ရှုအားပေး
Aug 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အသက်(၆၅)နှစ်ထက်သက်ကြီးရွယ်အိုများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များမှ Volunteers များကို လတ်တ လောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက် ထိုးနှံ ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမနှင့် ပြင်ပလူနာနားနေဆောင်တို့တွင် သတ်မှတ်စုရပ်နေရာများထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး များဆက်လက်ထိုးနှံပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့်အဖွဲ့ ဝင်များမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်းသို့ မြစ်ရေများ ဝင်ရောက်
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25747
Page
25748
Page
25749
Page
25750
Current page
25751
Page
25752
Page
25753
Page
25754
Page
25755
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department