အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက်ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ (RDT Test Kit )ဖြင့် ယမန်နေ့ ညနေ ၅ နာရီက ပြည်သူ့ဆေးရုံတွင်(၁)ဦး စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိသော်လည်း ကျောက်တန်းတိုက်နယ် ဆေးရုံတွင် စစ်ဆေးသည့် (၅) ဦးတွင် (၁)ဦး ၊ ဆည်တိုတိုက်နယ်ဆေးရုံတွင် စစ်ဆေးသည့် (၃၅) ဦး တွင် (၄)ဦးတို့တွင် ပိုးတွေ့ရှိခဲ့သဖြင့် စစ်ဆေးသူစုစုပေါင်း( ၄၁)ဦးတွင် (၅) ဦး၌ ပိုးတွေ့ခဲ့ကြောင်းသိရသည်။
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို တွံတေးမြို့နယ်အ.ထ.က( ၁)ကျောင်းနှင့်ကျေးရွာ အုပ်စု စုရပ်(၁၃)နေရာတွင် သြဂုတ် ၂ ရက်နေ့မှ ၂၅ရက်နေ့အထိ လူဦးရေစုစုပေါင်း ၆၈၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှစ၍ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အ.လ.က(၂)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 31,2021
လတ်တလောကိုဗစ်-၁၉ ရောဂါတတိယလိုင်း ရမည်းသင်းမြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသည့်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၅) မြို့မအခြေခံ ပညာအထက်တန်း၌ ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနေသော တောင်သူများထံသို့ ပညာပေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 31,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး သူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမ္မာန် ၊ တံတားဦးမြို့နယ် တိုက်နယ်ဆေး ရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများဆက် လက်ထိုးနှံပေးကြောင်း သိရသည် ။
Aug 31,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိနိုင်စေရန် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့ဖြင့်လှည့်လည်ကြေညာပေးခဲ့သည်။
Aug 31,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြို့‌ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။