ပုဏ္ဏားကျွန်း သြဂုတ် ၃၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက “ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်ထားရှိသည့်နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုစာရင်းများပေးအပ်ပွဲကို ယနေ့၊ နေ့လယ်(၁၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်တို့က “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေ စာရင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်တို့က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် “ပန်းခင်းစီမံချက်” ဖြင့် ဆောင်ရွက်ထားသည့် တန်းခိုးကျေးရွာ အုပ်စု၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ဒီပါရုံကျေးရွာအုပ်စု များမှ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၄၅ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)