အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(SINOPHARM)ကို စက်တင်ဘာ (၄၊ ၅)ရက်တွင် တိုင်းရင်းသားပြည်သူ ၆၀၇ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က သဖန်းဆိပ်ရေလှောင်တမံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျွန်းလှ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 06,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် အသိပညာပေးခြင်းများနှင့် ဩဂုတ်လ ၃၀ မှ စက်တင်ဘာလ ပထမ အပတ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးအား အသက်(၆၅)နှစ်နှင့် အထက်ဦးစားပေးထိုးသင့်သူများအား ဒုတိယအကြိမ် ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2021
ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက် ခိုပဲဝရပ်ကွက်နှင့် ညောင်ပင်သာကျေးရွာနေ ဒေသခံ ပြည်သူများတွင် ကိုဗစ်၁၉ ရောဂါ ပိုးကူးစက်မှုနှုန်း များပြားလာသည့်အတွက် ယမန်ရက်နေ့ နံနက် (၁၀) နာရီအချိန် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးမှုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 06,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အမရဌာနီအနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့ ညနေ၄နာရီက စတင်၍ အမရဌာနီ အနောက်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အတွက် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ရောက်ရှိလာမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
Sep 06,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ကျိုက်ဒုံမြို့တွင် ယမန်နေ့က ကော့ကရိတ်ခရိုင ်ဝါဆိုဦးကျောင်းဆရာတော်မှ ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံနှင့် COVID CENTRE တွင် အသုံပြုရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ လာရောက် လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
Sep 06,2021
မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဥ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ ကြောင်း သိရသည်။