အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
မိုးရာသီတွင် ဖြစ်​ပေါ်တတ်​သော ​ရေ​မြောင်းများ ပိတ်ဆို့မှုကင်း​ဝေး​စေပြီး ​ရေစီး​ရေလာ​ကောင်းမွန်​ရေး အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်(၁)ရပ်ကွက် ​အောင်​မေတ္တာ (၆)လမ်း၊ (၁၆)ရပ်ကွက် ဦးသင်း​ဖေလမ်း၊ (၄)ရပ်ကွက် ​အေးရိပ်မွန်လမ်းသွယ်(၂)လမ်းစသည့် ရပ်ကွက်များရှိမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ယမန်နေ့ နံနက် ၈ နာရီအချိန်က စ၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက နတ်ချောင်းကျေးရွာတွင်ရှိသော ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့် ဆေး ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Aug 13,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရမည်းသင်းခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဒုတိယနေ့ ဆောင်ရွက်ကြကြောင်း သိရသည်။
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ မိုးရွာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့နယ် ပျားကျေးရွာတွင် လူနေအိမ်များအရောက် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကြသည်။
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ရှောင်တခင် စစ်ဆေးခဲ့သည်။
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များစာရင်းကြေညာထားရှိမှု နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ များ အားကတ်ပြားရရှိရေးဆောင်ရွက်နေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်၀န်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ၀န်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတို့ကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးစပါးများစိုက်ပျိုးချိန်တွင် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စက်ငှါးသူပေါများလာခြင်းကြောင့် ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။