Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လေးမျက်နှာမြို့နယ်တွင် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိန်အောင်မင်းမြစ်ကမ်းတွင် ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေပြင်အသက်ကယ်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် မြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည့်ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်င…
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင်မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှ မွေးဖွားလာသော ၂ နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT (Maternal And Child Cash Transfer) အစီအစဉ်မှ ထောက်ပံ့သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှမွေးဖွားလာသော ၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 06,2021
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှု စီမံခန့်ခွဲရေး ဌာနမှဒုဌာနမှူး ဒေါက်တာဒေါ်လှမေဦး ဦးဆောင်သောအဖွဲ့သည် မော်တော်ယာဉ်(၄)စီး ဖြင့်ယနေ့ နံနက် (၉) နာရီခွဲအချိန်က အခြေခံစားသောက် ကုန်များကိုစျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားသဖြင့် လူနေအိမ်များဖျက်၍ ကမ်းလွတ်ရာသို့ပြောင်းရွှေ့
Sep 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရှားတောကျွန်းအုပ်စု၊ ရှားတောကျွန်းကျေးရွာ အောင်မင်္ဂလာအပိုင်းတွင် ယမန်နေ့က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်များအားဖျက်၍ ကမ်းလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၂၈၉) ဦးအထိရှိလာ
Sep 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိကာ ရောဂါပျောက် ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ( ၁၂၈၉ ) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယမန်နေ့က မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက်အတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်နေသည့် အခြေအနေအား လိုက်လံစစ်ဆေး
Sep 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက် အတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်နေသည့်နေရာသို့ ယမန်နေ့ ညနေ့ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး
Sep 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် သွားလာ၍မရသော ကျေးရွာအုပ်စုများ ဖြစ်သည့် ဒေါဖျာနှင့် ထီဖိုးစံကျေးရွာ အုပ်စုတို့မှ အသက် (၁၆)နှစ်နှင့် (၁၈) နှစ်အကြားနှင့် အသက် (၁၈) နှစ်နှင့်အထက် ကိုင်ဆောင်လက် မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ရေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာရုံးတွင် ခေါ်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25698
Page
25699
Page
25700
Page
25701
Current page
25702
Page
25703
Page
25704
Page
25705
Page
25706
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department