ကာမိုင်း စက်တင်ဘာ ၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အတွက် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ရောက်ရှိလာမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း အကြောင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှခွဲဝေပေးပို့သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့်အောက်ဆီဂျင်အိုး 40Lအိုး(၂၅)လုံး၊ PPE(၂၀၀)ထည်၊ ပါးစပ်နှာခေါင်းစည်း(၃၀၀၀)ခု၊ အောက်ဆီမီတာ(၅)ခု၊ Face Sheild(၂၀၀)ခု၊ လက်အိတ်(၁၀၀၀)ခု၊ အောက်ဆီဂျင်စက်(၂)လုံး၊ အောက်ဆီဂျင်ပိုက်၂၅ခု၊ အောက်ဆီဂျင် ကလုံးမီတာ၂၅ခု၊ RDT Tesk Kit ၅၀၀ခုစသည့် ပစ္စည်းများ ရောက်ရှိထားပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက အသီးသီးဆွေးနွေးပြီး မြို့အုပ်ချုပ်ရေးမှူးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြောင်း ၎င်းပစ္စည်းပေးအပ်ပွဲကို စက်တင်ဘာ၆ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)