Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တရုတ်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း
Sep 05,2021
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေး စခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၅)ဦးအား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာနမှ ချင်းရွှေဟော်နှစ်နိုင်ငံ နယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည်
Sep 05,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၆ ရက်နေ့မှ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ (၂၉၆၉) ဦး ရှိပြီဖြစ်
Sep 05,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၂၉၆၉) ဦး ရှိပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ထော်ကျေးရွာ ခဝိချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပြီး သံလွင်မြစ်ကမ်းထိန်း နံရံဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေး
Sep 05,2021
ငါးသယံဇာပေါကြွယ်ဝ၍ ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရှင်သန်ပေါက်ပွားရန် အကောင်းဆုံးအရွယ်ဖြစ်သည့် (၂)လက်မ အောက်ခံ အရွယ် ငါးသားပေါက်များအား သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊အိုင် များတွင် ငါးမျိုးစိုက် ထည့်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ ခဝိချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် လူဦးရေ(၁၇၇၂)ဦးထိုးနှံပြီး
Sep 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားသော အသက်(၆၅)နှစ်အထက်သက်ကြီး အဘိုးအဘွားများနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်းကစုကြီးရပ်ကွက်မြို့တော်ခန်းမ၌ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ တစ်နာရီလျှင် ၂၀၀ လီတာ ထုတ်လုပ်ပေးနိုင်သည့် အောက်ဆီဂျင်ထုတ်စက် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
Sep 05,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ်လူနာများ ကုသပေးနိုင်ရေးနှင့် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက် နှင့် စေတနာရှင်များ၏ စုပေါင်းငွေများဖြင့် တည်ဆောက်သည့် အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များနှင့် ဦးစားပေး အဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် တတိယ အသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်
Sep 05,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက်၌ ခေတ္တတိမ်းရှောင်ရောက်ရှိ နေသော နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25704
Page
25705
Page
25706
Page
25707
Current page
25708
Page
25709
Page
25710
Page
25711
Page
25712
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department