အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 06,2021
ရှမ်းပြည်နယ် လူမှုဝန်ထမ်းဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသများသို့ ကျန်းမာရေး ကာကွယ်ရေးသုံး ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကျန်းမာရေးသုံး ပစ္စည်း(၉)မျိုး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Sep 06,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အနီးဝန်းကျင်ကျေးရွာများတွင် (၆)လပင်ပြန့် မြေပဲများကို၊ ယခုနှစ် မေလတွင် စတင်စိုက်ပျိုးခဲ့ကြရာ၊ လက်ရှိတွင် မြေပဲခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည့်အပြင်၊ ဒေသတွင်း ယာလုပ်သား (လက်လုပ်/လက်စား)များ၊ ပဲခင်းများတွင် ပေါင်း/မြက် နှုတ်သည့် အလုပ်ဖြင့် ဝင်ငွေရရှိနေကြကြောင်း သိရသည်။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုတို့အား ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ရောဂါပိုးကူးစက်လွယ်သူများကို ဦးစားပေးအုပ်စု အလိုက်ဖြင့် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ မြို့တော်ခန်းမတွင် ကျန်းမာရေး ဝန်ထမ်းများက RDT Test Kit များဖြင့် စစ်ဆေးပေးခဲ့ရာ ယမန်နေ့အချိန်ထိ ပြည်သူစုစုပေါင်း (၄၅၅) ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။
Sep 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ၊မိုင်းနားကျေးရွာရှိ ဈေးသည်များနှင့် အေဂျီ(Camp)ရှိ စစ်ရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇နာရီချိန်က ဒေါက်တာသိန်းမြို့ ကြီးကြပ်မူဖြင့် ဆောင်ရွက်ခဲ့သည်။
Sep 06,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် ကြီးရွာမြစ်ရေတင်ဖြင့် မိုးစပါး သီးနှံများကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကုန်တွင် သတ်မှတ်လျာထားဧကအတိုင်း စနစ်တကျပြည့်မီ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းစိုက်ပျိုးကြရာ ယခုအခါ မိုးစပါးသီးနှံဧကပေါင်း(၄၄၀)ကျော် စိုက်ပျိုး ပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Sep 06,2021
အမရပူရမြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြစ်ငယ်ဘက်ခြမ်း ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရေဘေးရှောင်ပြည်သူများအား အဝတ်အထည်နှင့် အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်များ ဝေငှလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရေဘေးရှောင်ပြည်သူများအား ဝေငှခဲ့သည်။