အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၆)နာရီခွဲက တာဝန်ရှိသူများ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ပိဿလိမ်းကျင်းကျေးရွာမှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
Sep 06,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု အလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုန်နယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို စက်တင်ဘာ ၆ရက်နေ့၌ မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့်ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းရောဂါ စတင်ဖြစ်ပွားသည့် ဇွန်လ ၂၉ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရသူ စုစုပေါင်း(၄၉၇)ဦးထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
Sep 06,2021
နမ္မတူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ စားရေးသောက်ရေး အဆင်ပြေစေရေးအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးမှ  ထမင်း/ဟင်းသုံးနပ် (၃)ရက်စာအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မေတ္တာရှင်လူမှုကူညီရေး အသင်းရုံး၌ ဆောင်ရွက်ခဲ့သည်။
Sep 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် Pilot Project  အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ၊ပရဟိတအဖွဲ့များ ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရပ်ကွက်ကျေးရွာအုပ်စုများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးပေးခြင်း များကို ဩဂုတ်လ (၂၇) ရက်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ရေပြင်သက်ကယ် ရှာဖွေကယ် ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ဝက်သေကျေးရွာအုပ်စု၊ အေးစေတီကျေးရွာ သဘာဝရေပြင်တွင် ပြုလုပ်ခဲ့သည်။