ကျိုက်ဒုံ စက်တင်ဘာ ၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် အသိပညာပေးခြင်းများနှင့် ဩဂုတ်လ ၃၀ မှ စက်တင်ဘာလ ပထမ အပတ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးအား အသက်(၆၅)နှစ်နှင့် အထက်ဦးစားပေးထိုးသင့်သူများအား ဒုတိယအကြိမ် ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ တိုက်နယ် ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ ကကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဦးစားပေး ထိုးသင့်သည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်များ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများ၊ ဈေးရောင်းသူများ၊ ပြည်သူများစုစုပေါင်း လူဦးရေ(၁၄၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြီမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)