ကျိုက်ဒုံမြို့(COVID CENTRE) တွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ လာရောက်လှူဒါန်း

ကျိုက်ဒုံ စက်တင်ဘာ ၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ကျိုက်ဒုံမြို့တွင် ယမန်နေ့က ကော့ကရိတ်ခရိုင် ဝါဆိုဦးကျောင်းဆရာတော်မှ ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံနှင့် COVID CENTRE တွင် အသုံပြုရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ လာရောက် လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများတွင် ကာကွယ်ရေးဝတ်စုံအထည် (၃၀) ခု၊နှာခေါင်းစည်း (၁၅)ဖာ၊ အောက်စီမီတာ(၅)ခု၊ Face shield (၂၀)ခု၊ ကာကွယ်ရေးလည်ဆွဲ(၁၀)ခု၊ စားနပ်ရိက္ခာအတွက် ဆန်(၁)အိတ်၊ ဘီစကွတ်မုန့်(၃)ဖာ ပါဝင်ပြီး အဆိုပါ ပစ္စည်းများကို မြို့အုပ်ချုပ်ရေးမှူးမှ ကျိုက်ဒုံမြို့ (COVID CENTRE)နှင့် တိုက်နယ်ဆေးရုံတို့တွင် အသုံးပြုရန်အတွက် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)