Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၈၂)နှစ်ပြည့် ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူ မြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 06,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက် မည့် (၈၂)နှစ်ပြည့်၊ ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်လူငယ်များမှ ပင်လယ်ကမ်းခြေအနီးရှိ ဦးဥတ္တမ ပန်းခြံတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဂွေဇ-ခေါင်လန်ဖူးဆက်သွယ်ထားသည့် ကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့ သို့ရောက်ရှိ
Sep 05,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲပြီးသွားလာရေးခက်ခဲသည့် နယ် စပ်မြို့တစ်မြို့ဖြစ်ပြီး မဂွေဇ-ခေါင်လန်ဖူးမြို့သို့ဆက်သွယ်ထားသည့်ကားလမ်းအား နယ်စပ်ရေးရာ၀န်ကြီးဌာန ၏ခွင့်ပြုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဖောက်လုပ်လျက်ရှိရာ စက်တင်ဘာ(၃)ရက် နေ့တွင် တစ်ကြောင်းထိုးကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့သို့ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည် ငွေကျပ် ၁၀၀၀ နှင့် ကြက်ဥတစ်လုံးကို ငွေကျပ် (၁၀၀)နှုန်းဖြင့် အိမ်တိုင်ရာရောက် ဆက်လက် ရောင်းချပေး
Sep 05,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် စက်တင်ဘာလ ၁ရက်နေ့မှ စ၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့တွင်းသို့ ဆန်နှင့်ကြက်ဥတို့ကို စျေးနှုန်းသက်သာစွာဖြင့် လိုက်လံ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီ အချိန်က မနောသုခ ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင် နှင့်ကြက်ဥတစ်လုံးကို ငွေကျပ်တစ်ရာနှုန်းဖြင့် အမှတ် (၄)ရပ်ကွက်တွင်းသို့ လိုက်လံ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓ ဘာသာဝင်များ၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်း ဝါဆ…
Sep 05,2021
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီက ဖလမ်းမြို့၊ သာသနာပြု ဗဟိုကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၁၃)လုံး ပြောင်းရွှေ့
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် ယနေ့ နံနက် (၁၀)အချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး အဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူ(၆၃၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ အထက -၁၊ အထက -၃ ကျောင်းခန်းမများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 05,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25703
Page
25704
Page
25705
Page
25706
Current page
25707
Page
25708
Page
25709
Page
25710
Page
25711
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department