ဟုမ္မလင်း စက်တင်ဘာ ၆
ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက် ခိုပဲဝရပ်ကွက်နှင့် ညောင်ပင်သာကျေးရွာနေ ဒေသခံ ပြည်သူများတွင် ကိုဗစ်၁၉ ရောဂါ ပိုးကူးစက်မှုနှုန်း များပြားလာသည့်အတွက် ယမန်ရက်နေ့ နံနက် (၁၀) နာရီအချိန် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးမှုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုနှုန်း များပြားခဲ့သည့် ဟုမ္မလင်းရပ်ကွက် ခိုပဲဝရပ်ကွက်နှင့် ညောပင်သာကျေးရွာတို့တွင် နေထိုင်သည့် လူရေ (၂၂၈) ဦးအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက်နှင့် ခိုပဲဝရပ်ကွက်နေ ဒေသခံ အမျိုးသမီးနှစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိသူ အမျိုးသမီးနှစ်ဦးအား ကိုဗစ်ရောဂါပိုး ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် စက်တင်ဘာလ (၁) ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၆၆၅) ဦးရှိပြီး သေဆုံးသူစုစုပေါင်း (၈၃) ဦးနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူ (၄၅) ဦးရှိကြောင်း သိရသည်။
ချန်လော