Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့မစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာတွင် ဥကပ်ပါးနဂျီ မွေးမြူရေးဓာတ်ခွဲခန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရ…
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့မစိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာတွင် ဥကပ်ပါးနဂျီမွေးမြူရေး ဓာတ်ခွဲခန်းလုပ်ငန်းများကို ဥကပ်ပါးနဂျီ မွေးမြူရေး ဓာတ်ခွဲခန်း(၁)ခန်း၊ ဆံထွေးပိုးမွေးမြူခန်း (၂)ခန်းတို့ဖြင့် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 06,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို၊ ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ ညနေ(၃)နာရီအထိ ဆေးထိုး စုရပ်(၂)ခုတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ၉၁၆၀ ဦးအား ထိုးနှံပေးပြီးဖြစ်
Sep 06,2021
မွန်ပြည်နယ် မုဒုံမြို့နယ်၌ နိုင်ငံတော်မှ မြို့နယ်အတွက်ရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရဟန်း၊ သံဃာတော်များ၊အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ အထိ ၉၁၆၀ ဦးအား ကာကွယ်ဆေးနှစ်ကြိမ်စီ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 06,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာဗိမာန်စုရပ်၊ မြို့နယ်ထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမစုရပ်တို့နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ်(၆) နေရာတို့တွင် ယမန်နေ့နံနက်(၁၀)နာရီက စတင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ဦးစီးဌာနမှ ခရိုင်/မြို့နယ် ပညာရေးမှူးများအား Video Conferencing စန…
Sep 06,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ဦးစီးဌာန ခရိုင်/မြို့နယ်ပညာရေးမှူးများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်
Sep 06,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၁၀ နာရီက စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ အ.ထ.ကကျောင်း၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် စက်တင်ဘာလ ၄ ရက်နေ့တွင် ဖျက်သိမ်းပြောင်းရွှေ့အိမ် (၁၀)လုံး၊ လူဦးရေ(၃၇)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ ဆန်ရိက္ခာထောက်ပံငွေ(၇၇၇၀၀) ကျပ်၊ စုစုပေါင်း(၁၀၇၇၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၀)အိမ်ထောင်စာ တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟို၊ သာယာဝတီမြို့နယ်ရဲစခန်းမှူး၊ စံရွေးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပ
Sep 06,2021
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် လူမှုရေးဝန်ကြီး ဦးအောင်မျိုး ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့ ကုတင်(၁၀၀) ပြည်သူဆေးရုံ အစည်းအဝေးခန်းမ၌ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီနယ်စပ်မှ Liquid Oxygen အရည် (၁၂.၆)တန်သယ်ဆောင်လာသည့်မော်တော်ယာဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ
Sep 06,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အောက်ဆီဂျင်အပါအဝင် ကိုဗစ်အထောက်အကူပြု ဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် ခွင့်ပြုပေးလျက်ရှိရာ Liquid Oxygen အရည်(၁၂.၆)တန် သယ်ဆောင်လာသသည့် မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25701
Page
25702
Page
25703
Page
25704
Current page
25705
Page
25706
Page
25707
Page
25708
Page
25709
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department