မုံရွာမြို့နယ်၌  အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး  

မုံရွာ စက်တင်ဘာ ၅

မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဥ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ၊မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး တိုင်းဒေသကြီးပြည်သူ့အားကစားကွင်း အတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် သံဃာတော်(၂၃)ပါး၊ ကျား(၈၄)ဦး၊ မ(၁၁၆)ဦး၊ ပေါင်း(၂၂၃)ဦး  မိုးလုံလေလုံအားကစားရုံ ခန်းမတွင် ကျား(၁၈၀)ဦး၊မ(၂၄၅)ဦး၊ ပေါင်း(၄၂၅)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (အလုံ)တွင် ကျား(၁၅၀)ဦး၊မ(၁၅၈)ဦး၊ ပေါင်း(၃၀၈)ဦး၊  တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနရုံးတွင် ကျား(၁၆၀)ဦး၊ မ(၁၇၅)ဦး၊ ပေါင်း(၃၃၅)ဦး စသည့်သတ်မှတ် ဆေးထိုးနေရာ(၄)ခုတွင် သံဃာ(၂၃)ပါး၊ ကျား(၅၇၄)ဦး၊ မ(၆၉၄)ဦး၊ စုစုပေါင်းရဟန်းရှင်လူ ပြည်သူ (၁၂၉၁)ဦးတို့အား      ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါ ရှိ/မရှိစစ်ဆေးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများစနစ်တကျ ထိုးနှံပေးခြင်းများအား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 ခရိုင်(ပြန်/ဆက်)