မိုင်းယောင်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(SINOPHARM)ကို စက်တင်ဘာ (၄၊ ၅)ရက်တွင် တိုင်းရင်းသားပြည်သူ ၆၀၇ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အသုတ်၊ (ဒုတိယ)အကြိမ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။
အသက် ၆၅ နှစ်အထက် ၉၉ ဦး၊ ဘာသာရေးကျောင်းများမှ သုံးပါး၊ နိုင်ငံ့ဝန်ထမ်း ကိုးဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင် ၁၁၃ ဦး၊ ပုဂ္ဂလိက၊ စက်ရုံ၊ အလုပ်ရုံရှိဝန်ထမ်းများ ၁၁ ဦး၊ တည်းခိုခန်းများမှ ငါးဦး၊ အချုပ်သား တစ်ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ၆၉ ဦး၊ Supermarket၊ ဈေး ၂၉၇ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း