ဖျာပုံမြို့နယ်တွင် အသက်(၅၅) နှစ်အထက် အဘိုးအဘွားများအား တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ဖျာပုံ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၅၅)နှစ်အထက် အဘိုးအဘွား များအား တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှစတင်၍ ဖျာပုံမြို့ အထက(၁)ကျောင်းတွင် ဆေးထိုးစုရပ်ထားရှိကာ ရပ်ကွက်/ ကျေးရွာများအား နေ့ရက်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ တတိယအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆) ပေစီခြား၍ စနစ်တကျ နေရာချထားပြီး၊ ရပ်ကွက်/ကျေးရွာအလိုက် နေ့ရက်များခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ စက်တင် ဘာလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်(၁၉)ရပ်ကွက်နှင့် မြို့အနီး ဝန်းကျင်ကျေးရွာများအား နေ့ရက်အလိုက် အလှည့်ကျဖြင့် ဖျာပုံမြို့အထက(၁)ကျောင်း ဆေးထိုးစုရပ်တွင် သက်(၅၅)နှစ်အထက် အဘိုးအဘွားများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အနေဖြင့်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအရေအတွက် (၈၀၀)လုံးရရှိပြီး လူဦးရေ(၄၀၀၀) ဦးအားကာကွယ်ဆေးထိုး နှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)