မြောင်းမြမြို့နယ်တွင် ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်၊ ကြက်ဥများရောင်းချပေး

မြောင်းမြ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည် သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေးအဆင်ပြေသက်သာစေရန် ရည်ရွယ်၍ ဆန်၊ ကြက်ဥ များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်ကအမှတ်( ၉) ရပ်ကွက်၊ အခွန်လွတ် စျေး၌ရောင်း ချပေးခဲ့ရှိကြောင်း သိရသည်။

ထို့သို့ ရောင်းချပေးရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူ စားသုံးနိုင်ရေးအတွက် ဆန်( ၁) ပြည်လျှင် ငွေ ကျပ်(၁၀၀၀)နှုန်း၊ကြက်ဥ (၁)လုံးလျှင်   ငွေ ကျပ်(၁၀၀) နှုန်းဖြင့်ရောင်းချ ပေးခဲ့ပြီးနောက်ရက်များတွင်လည်း ဆက် လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

စန္ဒာကြည်(ခရိုင်ပြန်ဆက်)