မအီ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြင့် လာရောက်ပြသသူ( (၁)ဦးအားကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ COVID-19 Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာတွင်ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မအီမြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့အတည်ပြုလူနာမှာ မအီမြို့နယ်၊ ဆံထုံးကျေးရွာမှ အသက်(၃၄)နှစ်ရှိသူ အမျိုးသမီးဖြစ်ပြီး ၎င်းပိုးတွေ့ အတည်ပြုလူနာ(၁)ဦးကို ဆေးကုသမှု ခံယူရန် မအီမြို့၊ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ကြပ်မတ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုအခါ မအီမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာများမှာ(၃၄)ဦးထိ ရှိလာပြီဖြစ်သည့်အနက် ယနေ့ထိ ကျန်းမာရေးပြန်လည် ကောင်းမွန် လာ၍ ဆေးရုံဆင်းခွင့်ရသူ(၂၄)ဦးရှိခဲ့ပြီဖြစ်ကာ ဆေးကုသမှုခံယူလျက်( ၆)ဦးရှိပြီး သေဆုံးသူ(၃ )ဦးရှိကြောင်းမအီမြို့၊ ပြည်သူ့ဆေးရုံမှ သိရသည်။
မောင်မောင်ဌေး