ကောလင်း စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသော မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုးများ၊ ဝန်ထမ်းများနှင့်ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကောလင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinophram)ကို မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးခဲ့ရာ ဒုတိယအကြိမ်ကို စက်တင်ဘာ ၃ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၁၆ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပြီးသူ အမျိုးသား ၁၅၂၂ဦး၊အမျိုးသမီး ၁၇၃၇ဦး၊ စုစုပေါင်း ၃၂၅၉ဦး ထိုးနှံပြီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် ဝန်ထမ်း များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်ထွန်းမင်း