ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ဇေယျာသီရိ  စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး အတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကိုယနေ့ နံနက်ပိုင်းမှစတင်ကာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထို့သို့ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ များက ဇေယျာသီရိမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရေးစင်တာတွင် လာရောက်ဆေးထိုးနှံ ကြသည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ  လူစည်ကားရာနေရာများနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့်နေရာများတွင် ရောဂါအသိပညာပေး ပိုစတာများကပ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်းအသိပေး/ သတိပေး ပြောကြားရမည့် အချက်များ ပါဝင်ပြီး နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြစ် ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)