ကျောက်တံခါးမြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကျောက်တံခါး  စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅နှစ်နှင့်အထက်ရှိသူများ၊  မသန်စွမ်းသူများ၊  ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို   ယမန်နေ့က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင်  အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါသည်များလည်း ပါဝင်ကြောင်း သိရသည်။ ယင်းကာကွယ်ဆေးထိုးရာနေရာ၌  လူစု၊ လူဝေး မဖြစ်ပေါ်စေရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ပရဟိတအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်း