တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေးထိုးနှံပေးရေး အသိပေးနှိုးဆော်

ပလောက်    စက်တင်ဘာ  ၁၇

 

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ပလောက်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၏လမ်းညွှန်မှုအရ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများပူးပေါင်း၍ ယမန်နေ့ ညနေ (၃) နာရီအချိန်မှစပြီး ပလောက် မြို့ အတွင်းမှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့် တတိယအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးကိုစက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး ရွှေသီလာရတနာခန်းမတွင် လာရောက်ထိုးနှံ နိုင်ရေးကိုအသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။  

 

ယင်းသို့ ကိုဗစ်-၁၉ရေဂါ ကာကွယ်ရေးနည်းလမ်းများအား သတိပေးကြေညာပေးရာတွင်  ဖြစ်နိုင်ပါက အိမ်အတွင်း၌ သာနေ ထိုင်ပါ။ အိမ်တွင် ဧည့်သည်လက်ခံခြင်းလုံးဝမပြုပါနှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့် မိမိအိမ်တွင် အသက်(၆၅)နှစ် အထက်အသက်အရွယ်ကြီးရင့်သူ (သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအားပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ထားပေးပါ။ လေဝင် လေထွက် ကောင်းသည့် နေရာမှာနေစေပါ။ မဖြစ်မနေ အိမ်အပြင်ထွက် မည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာ ခပ်ခွာခွာ နေထိုင်ပါ။ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင် ကျဉ်ပါ။ လူစုလူ ဝေးရှောင်ကျဉ်ပါ။  ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှဈေးမဝယ်ပါနှင့်။ အပြင်ထွက် လာပါက အိမ်ပြန်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန်သတိပြုပါ အသုံးပြုပြီးသော (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစား မလဲမီကိုယ်လက်သန့်စင် ခြင်းမပြုမီ အိမ်သား များနှင့်အနီး ကပ်ထိ တွေ့ခြင်းမှရှောင်ကျဉ်ပါရန်စသည့် အသိပေးပန်ကြားချက်များ ဖြစ်ကြောင်း သိရှိရ သည်။

 

နှင်းမြူလွင်  (ပလောက်)