မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၇
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာပေချစ်သူ၊ စာဖတ် ပရိတ်သတ်များအတွက် စာအုပ်၊ စာပေနှင့် ပတ်သတ် ၍ဗဟုသုတမျိုးစုံရရှိစေရေး ရည်ရွယ်ချက်ဖြင့် online မှ တဆင့် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ကြည့်ရှုနိုင် စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျအစီအစီအစဉ်ဖြင့် နေ့စဉ် Online အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာသင်ကျောင်းများယာယီ ပိတ်ထားရသောကြောင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက် လာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်ခြင်း ၊ သုတ/ရသ စာအုပ်များ စာအုပ်မိတ် ဆက်ခြင်း အသိပညာပေးအစီအစဉ်များကိုရိုက်ကူး၍ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် ထုတ်လွှင့်အသိပညာ ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်အောင်(ပြန်/ဆက်)