မိုင်းငေါ့ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ(၁)ဦး ထပ်မံတွေ့ ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် စက်တင်ဘာလ(၁၄) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သူများနှင့် ထိတွေ့ဆက်စပ်သူ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦး၊ Stay at Home မြို့နယ်များမှ ပြန်လာသူ အမျိုးသား(၂)ဦး၊ စုစုပေါင်း(၁၀)ဦးတို့အား Swab နမူနာများရယူပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပေးပို့စစ်ဆေးခဲ့ရာ Stay at Home မြို့နယ်မှပြန်လာသူ အမျိုးသား (၁)ဦးထံ တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးထပ်မံ တွေ့ရှိခဲ့ပါသည်။
ယင်းပို့တွေ့ လူနာ(၁)ဦးတို့အား Quarantine Centre တွင် သီးသန့်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလတစ်လျှောက် ရောဂါပိုးတွေ့ရှိသူ (၆၂)ဦးရှိပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ (၅၃)ဦး၊ သေဆုံးသူ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား(၁) ဦး၊ အမျိုးသမီး (၁)ဦးနှင့် လက်ရှိတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ လူနာ(၇)ဦး ကျန်ရှိကြောင်း ကျန်းမာရေးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)