ချောက်မြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ခွဲတွင် တောင်သူများအား မိုးသီးနှံချေးငွေ ဆက်လက်ထုတ်ချေးပေး

ချောက် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့် ကာလအတွင်း စီးပွားရေးကုစားမှုအနေဖြင့် အခက်အခဲများ အဆင်ပြေ စေရန်ရည်ရွယ်၍ မိုးစပါး စိုက်တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်က  အဆိုပါ ဘဏ်ခွဲတွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ  တောင်သူ (၆၁)ဦးအား ဧက ၃၅၄ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၃၅၄ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ထုတ်ချေးပေးရာတွင်၂၀၂၀ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေပြေကျေသည့် တောင်သူများကို ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စက်တင်ဘာ ၁၆ ရက်နေ့အထိ ကျေးရွာအုပ်စု ၃၅ အုပ်စုတို့မှ  တောင်သူဦးရေ ၃၄၀၀ ဦးတို့အား စိုက်ဧက ၁၉၉၅၄ ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ကျပ်သိန်း ၁၉၉၅၆ သိန်းအား ထုတ်ချေးပေးထားပြီး ဖြစ်ကြောင်းနှင့် ချောက်မြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မိုးသီးနှံဧက (၂၅၈၉၈) စိုက်ပျိုးနိုင်ရန်  လျာထားပြီး  တောင်သူ လယ်သမားများအတွက် မိုးသီးနှံစရိတ်ချေးငွေကို သိန်းပေါင်း(၂၅၉၀၀)သိန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၃၀)ရက်နေ့အထိ ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးအောင်သောင်းထံမှ သိရသည်။

ကိုညီ(ချောက်)