လောင်းလုံး စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် သတ်မှတ် စုရပ်(၃)နေရာ၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၅၅) နှစ်မှ အသက်(၆၄)နှစ် အထိပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် မသန်စွမ်းသူများ၊ အသက်(၁၈)နှစ်နှင့် အထက် ရဟန်းသံဃာ/ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများနှင့် ဦးစားပေးအဆင့်အလိုက် ပြည်သူ (၅၅ ) ဦးအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း (ပြန်/ဆက်)