မန့်ဟီးရိုး စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း Stay at Home နေပြည်သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချ နိုင်စေရန် ရည်ရွယ်ပြီး Online မှတစ်ဆင့် သိပညာပေးအစီအစဉ်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးတွင် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
အဆိုပါ Online မှ တစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးရာတွင် မြို့ရုံးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် Stay at Home နေပြည်သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအား အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အတွေးအခေါ်ကောင်းများ ရရှိလာစေရန်နှင့် သွက်လက် ထက်မြက်သော ဉာဏ်ရည် ဉာဏ်သွေးများ တိုးတက်လာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်ခြင်း၊ စာအုပ် မိတ်ဆက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး အစီအစဉ်များနှင့် Talk Show အစီအစဉ်များ ကိုရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပြီး မန့်ဟီးရိုးမြို့ Facebook account နှင့် We love page များတွင် နေ့စဉ် ထုတ်လွှင့်လျက်ရှိသည့် သတင်းအချက်အလက်များ၊ ဒေသတွင်းလှုပ်ရှားဆောင်ရွက်မှုများ၊ မိုးလေဝသ သတင်းများ၊ ပြည်သူသို့ အသိပေးပြောကြားသည့် ကြေညာချက်များနှင့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲပြသဆောင်ရွက်ခြင်းများကိုလည်း လွှင့်တင်ပေးလျက်ရှိ ကြောင်း သိရသည်။
စန္ဒာ(မန့်ဟီးရိုး)