ရှမ်းရွာသစ် စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချစေရန်နှင့်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ရှမ်းရွာသစ်မြိို့တိုက်နယ်ဆေးရုံတွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၊ လှိုင်းဘွဲမြို့ နယ်ပြည်သူ့ဆေးရုံမှကျန်းမာရေးဝန်ထမ်းများ ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန်လာ ရောက်သည့် ဒေသနေပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်များတိုင်းပေးခြင်း၊ ရောဂါအခံရှိမရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းပေးခြင်းတို့ကိုဆောင်ရွက်ပေး ခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီး သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။ ပြည်သူများ အနေဖြင့်ကာကွယ် ဆေးလာရောက်ထိုးနှံရာတွင် မိမိတို့၏နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ယူဆောင်လာရန်လိုအပ်ကြောင်း ၊ ဆေးလုံးရေ(၆၀)ကို လူဦးရေ(၃၀၀)ဦးလျာထား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကိုလည်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)