မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၁၅) ဦးထိရှိလာ

မိုင်းပျဉ်း  စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရော ဂါ အတည်ပြုလူနာ(၇၀)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၈) ဦးအား ယနေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၁၅) ဦးအထိရှိလာပြီဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၇၇)ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၃၁၅)ဦး၊ ဆေးကုသမှုခံယူ နေသူ(၆၂)ဦးနှင့် သေဆုံးလူနာမရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)