တကောင်း စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယမြောက် ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉) နာရီက အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယမြောက် ပထမအကြိမ် ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာ(၅)အုပ်စုမှ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ ဆောင်ရွက်ပေး၍ကာ ကွယ်ဆေးကို ထိုးနှံခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပရဟိတအဖွဲ့ဝင် များကပူးပေါင်းကာ ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ မြို့ပေါ်ရှိ ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာ(၅)အုပ်စုတို့မှ သက်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ ဒေသခံပြည်သူ (၈၀) ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)