အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ကွင်းတောင်ရပ်ကွက်အတွင်းရှိ ရဟန်း သံဃာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ကိုးနဝင်း ဘုန်းတော်ကြီး ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 18,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအား ယနေ့နံနက်ပိုင်းက ရှမ်း/မြန်မာ နှစ်ဘာသာဖြင့်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဉီးစားပေးအုပ်စုအလိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅၅ နှစ်နှင့် အသက် ၆၄ နှစ်ရှိ မိဘပြည်သူများကို စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု မရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂) အတွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 18,2021
မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး  အောင်ဆန်းခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း  အစည်းအဝေး တက်ရောက်သည်။
Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအား စက်တင်ဘာ (၁၆)ရက်နေ့မှ စက်တင်ဘာ (၃၀)ရက်နေ့အထိ ယာယီ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။