တကောင်း စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများ အရောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (RDT Test Kit) များဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁၂)နာရီက ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ကမ်းနားကျောင်း၊ ရွှေတောင်ဦးကျောင်း၊ ဗောဓိကျောင်း၊ လေးမျက်နှာကျောင်းနှင့် ရွှေဇာလီ ဘုန်းတော်ကြီးကျောင်းတို့မှ ရဟန်းသံဃာနှင့် သီလရှင်(၄၃)ပါး၊ လူပုဂ္ဂိုလ်(၁၂)ဦး စုစုပေါင်း(၅၅)ဦးအား အခမဲ့ ဆေးစစ်ဆေးပေးခဲ့ရာ သံဃာ (၂)ပါးတွင် ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိ သံဃာများမှာ ရွှေတောင်ဦးဘုန်းတော်ကြီးကျောင်းမှ သံဃာ(၁)ပါးနှင့် ဗောဓိ ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၁)ပါးဖြစ်ပြီး ပိုးတွေ့ရှိသည့် သံဃာတော်(၂)ပါးအား တကောင်းမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)