နမ့်စန်(တ) စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၅ နှစ် အရွယ် အမျိုးသမီး ၁ ဦးသည် ယနေ့ နံနက် ၄ နာရီခွဲ ချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာများဖြင့် သေဆုံးသွားကြောင်း သိရှိရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးသူ အမျိုးသမီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့သေဆုံးသူ၏ Dead Body ကို နမ့်စန်မြို့ရှိ တောင်တန်းလူငယ်၊ ငြိမ်းချမ်းလူငယ် လူမှုကူညီရေး အသင်းနှင့်မေတ္တာရှင် နာရေးကူညီမှု အသင်းတို့ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ နံနက် ၇ နာရီ ခွဲချိန်တွင်နမ့်စန်မြို့ သုဿာန်၌ နေ့ချင်းသ င်္ဂြိုဟ်ခဲ့ ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်