တနင်္သာရီ စက်တင်ဘာလ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်း သို့ ဖျားခြင်း၊နှာစေးချောင်း ဆိုးခြင်း၊အနံ့အရသာပျောက်ခြင်းနှင့်လည်ချောင်းနာခြင်းဖြင့် ပြင်ပမှလူနာ(၆)ဦးအား တာဝန်ခံဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT (Test-Kit)ဖြင့် ဓာတ်ခွဲစစ်ဆေး ပေးရာ (၅)ဦးတွင်ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
သို့ပါ၍ အဆိုပါ ပိုးတွေ့လူနာသစ်များအား ဇီဝိတသံဃာ့ဆေးရုံ Positive Cemtre ၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Cemtre အတွင်း ကျန်းမာရေးစောင့်ကြပ်ပေးလျက် လိုအပ်သည့် ဆေးဝါး ကုသပေးလျက်ရှိ ကြောင်းနှင့် ၎င်းပိုးတွေ့လူနာ များနှင့်ထိစပ်သော မိသားစုဝင်များကိုလည်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်များကို Lock Down ချထားပြီး (၁၄)ရက်အကြာအသွားအလာကန့်သတ် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်ရောဂါဖြင့် Positive Cemtre များတွင်ဆေးဝါးကုသမှုခံယူနေစဉ် ကျန်းမာရေးပြန်လည်သက်သာ ကောင်းမွန်လာသူ(၂၂)ဦးတို့အား ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး မိမိတို့၏ နေအိမ်တွင် Home Quarntine (၇)ရက်တိတိ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်နှင့်အညီ သီးခြားနေထိုင်ကြရန် သတိပေးမှာ ကြားပေးကြောင်း သိရှိရသည်။
သို့ဖြစ်၍ တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်၊ သံဃာ့ဆေးရုံ Positive Cemtre ၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Cemtre နှင့် အထက(ခွဲ)သာရဘွင်ရွာ Positive Cemtre တို့အတွင် စက်တင်ဘာလ(၁၉)ရက်နေ့ညနေအထိ ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉ လူနာဦးရေမှာ (၈၇)ဦးအထိ ရှိနေသေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း