ကွန်ဟိန်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု မရှိစေရေး ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အသိပညာပေးခြင်းများအား နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပသို့ထွက်ခွါသူများ ၊ လမ်းသွားလမ်းလာပြည်သူများ ၊ မော်တော်ယာဉ် /မော်တော်ဆိုင်ကယ် စီးနှင်းသူ နှင့် လိုက်ပါသူများ Mask(နှာခေါင်းစည်း)များ တပ်ဆင်သွားလာစေရန် ၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွါခြင်းမပြုရန်၊မကြာခဏ လက်ဆေးရန် အသိပညာပေးခြင်း၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်ခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများမှ အလှည့်ကျ စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရသည်။
ပြည့်(ကွန်ဟိန်း)