နမ့်စန် (တ) စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများ အပါအဝင်သံသယလူနာ ၄၅ ဦးကို မြို့နယ် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးရေး စင်တာ၌ ယနေ့ နံနက် ၉ နာရီ မှ နေ့လယ် ၁ နာရီအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ်ကွက်မှ အမျိုးသမီး ၁ ဦး ၊ အမှတ်(၂)ရပ်ကွက် မှ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၄ ဦး ၊ အမှတ်(၃) ရပ်ကွက်မှ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၃ ဦး ၊ အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး ၁ ဦး ၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီး ၂ ဦး ၊ ဟိုက်ဖတ်ကျေးရွာအုပ်စု ၊ ဟိုက်ဖတ်ကျေးရွာမှ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦး ၊ အမှတ်(၅) ကျေးရွာအုပ်စု ၊ နောင်ဖိုမီးကျေးရွာမှ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၂၀ ဦးကို ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊ ၄ ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင် အထက်တန်းကျောင်း တို့တွင်ထားရှိ ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေ မိသားစုဝင်များ၊ ထိတွေ့မှု ရှိခဲ့သူများကို ၁၄ ရက် အသွားအလာ ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၂၅ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၀၀၆ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၈၃၈ ဦးနှင့် ဆေးရုံတွင်သေဆုံးသူ ၁၆ ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ၃၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ်ပြန်/ဆက်