အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက်ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃) နှစ်၊ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပသည် ကိုဗစ်-၁၉ရောဂါဖြင့် မြိတ်မြို့အမှတ်(၅)၊ ကုတင် (၁၀၀)တပ်မတော် ဆေးရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်၅နာရီ၁၅အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ သဖြင့် ဆရာ တော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ကရဝိတ်မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာထုတ်ပြန်ချက်နှင့်အညီ တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်၍ တနင်္သာရီမြို့-လုံးခရမ်း သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဆရာတော်ဘုရား၏ကြွင်းကျန်ခဲ့သည့် ဦးခေါင်း တော်နှင့် ခြေအရိုးပြာ အိုးများကိုစနစ်တကျသိမ်းဆည်း၍ ယခုအခါ ချောင်းကြီးကျောင်းတိုက်ယာယီစံကျောင်းအတွင်း ပူဇော်ခံ ထားရှိကြောင်း သိရှိရသည်။
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အသက် (၈၅)နှစ် နှင့်အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ငွေများကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူး များအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် စက်တင်ဘာလ(၁၈) ရက်နေ့မှ(၁၉)ရက်နေ့အထိ အရှေ့မော်တုန်းကျေးရွာအုပ်စု (အထက)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃) နှစ်၊ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပ၏ ကြွင်းကျန်ခဲ့သည့် ဦးခေါင်းတော်နှင့်ခြေအရိုးပြာ အိုးများကို တနင်္သာရီမြစ်ဆုံတွင် ဥဒကရေချ ဈာပနအခမ်းအနားကို ငွေနန်းသာရီ ရိုးရာနဂါးလှေတော်နှင့်အရံလှေများဖြင့် အန္တရာယ် ကင်းရှင်းစွာပြုလုပ်နိုင်ရန်အတွက် ငွေနန်းသာရီ ရိုးရာနဂါးလှေတော်ကို စက်တင်ဘာ လ(၂၁)ရက်နေ့ နံနက်(၉) နာရီအချိန် ၎င်းလှေရုံမှတစ်ဆင့် မြစ်ရေပြင်ထဲသို့ ရေချမင်္ဂလာပြုလုပ် ပြီး လေ့ကျင့်လှော်ခတ်မှု၊ စမ်းသပ်လှော်ခတ်မှုများနှင့် အစမ်းလေ့ကျင့်မှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) လပွတ္တာမြို့နယ် ပြည်သူ့ဆေး ရုံအဟောင်း အစည်းအဝေးခန်းမတွင် ပထမအကြိမ် ဒုတိယနေ့အဖြစ် အသက်(၅၅)နှစ်မှ (၆၄) နှစ်ထိပြည်များအား ယနေ့ နံနက် ၁၀ နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သက်ကြီးဘိုး/ဘွား(၁၃၀) ဦးအား ယနေ့ နံနက်(၈)နာရီခွဲအချိန်က ကြံခင်းမြို့ ဒီပင်္ကရာဘုရားတန်ဆောင်းစုရပ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက် ရှိရာ ယနေ့တွင် ၂၀၆ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။