နမ့်စန်တွင် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နမ့်စန်()     စက်တင်ဘာ   ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုး ရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံခြင်းအား ယနေ့ နံနက် ၉  နာရီ က နမ့်စန် (အထက) မြို့မ(အထက) နှင့် အမှတ်() ရပ်ကွက် အလကခွဲ ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးစုရပ်များဖွဲ့၍  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (Vero Cells)  ထိုးနှံခြင်းလုပ်ငန်းများကို စုရပ်အလိုက် စနစ်တကျ ဆောင်ရွက် ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ်သည် များကို ကူညီ ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့တွင် ယခုအကြိမ် ကာကွယ်ဆေးခွဲတမ်းအရ ဆေးအလုံးရေ ၈၄၂ လုံး ရရှိပြီး ဆေးတစ်လုံးလျှင် လူ ၅ ဦးနှုန်းဖြင့် လူဦးရေ ၄၂၁၀ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကာ စက်တင်ဘာ ၁ရက်နေ့ တွင်  မြို့ပေါ်ရပ်ကွက်()ခု နှင့် ဝမ်ပုံကျေးရွာအုပ်စု ရှိ သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးစားပေးအဆင့်အလိုက် စုစုပေါင်း ၇၁၅ ဦးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဦးစားပေး သတ်မှတ်ချက်အလိုက် နေ့စဉ် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုး အစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ပြည်သူများထံ အသိပေး ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)