အမာမြို့တွင် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

အမာ    စက်တင်ဘာ     ၂၀

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့တွင် အသက်အုပ်စုအလိုက် နှင့်ဦးစားပေးအုပ်စု များတွင် ပါဝင်သူပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမာမြို့ အထကကျောင်း၌ ကျန်းမားရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အသက်(၁၈) နှစ်အထက်ပြည်သူများကို ထိုးနှံပေးမည်ဖြစ်ပြီး ရေလုပ်သားနှင့် အလုပ်ရုံအလုပ်သမားများအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး ဦးဆောင်သော မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ နယ်မြေရဲစခန်းမှူး၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆေးထိုးနိုင်ရန်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အမာ (ပြန်/ဆက်)