ကော့ကရိတ် စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၈နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများသို့ သွား ရောက်၍ အသိ ပညာပေးနိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ နှိုးဆော်အသိပညာပေး ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် ကိုဗစ်၁၉ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိ ရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေး ပြုလုပ်သွား လာခြင်းရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့်စနစ်တကျဆေးရန်၊ နေအိမ်ရှိပြူတင်းပေါက်များ အားလေဝင် လေထွက် ကောင်းအောင်ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ် ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကိုအမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်ခဲ့ ကြောင်းသိရသည်။
KMW(ခရိုင်ပြန်/ဆက်)