ဆီဆိုင်မြို့တွင်ဆန်နှင့်အခြေခံစားသောက်ကုန်များလှူဒါန်း

ဆီဆိုင်   စက်တင်ဘာ     ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြို့ပေါ်() ရပ်ကွက်မှ   ကိုဗစ်-၁၉ ရောဂါ ခံစားနေသူများ၊ စောင့်ကြည့်လူနာများ၊ Quarantine ဝင်ရောက်နေသူများ၊ ခက်ခဲသည့်  အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရန်အတွက်  ဦးအောင်နိုင် (သူရိယနဂါးအားမာန်ကုမ္ပဏီ) မိသားစုမှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဆီဆိုင်ဂေါက်ကလပ်၌ လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆန်ခြောက်ပြည်အိတ် (၁၂၀) ပဲဆီတစ်ပိဿာဗူး (၁၂၀) ကြက်သွန်နီ ဆယ်ပိဿာအိတ် အိတ်တို့ကို ဦးအောင်နိုင် (သူရိယနဂါးအားမာန်ကုမ္ပဏီ) မိသားစုက ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်၏ကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကိုဗစ်-၁၉ရောဂါ ခံစားနေသူများ၊ စောင့်ကြည့်လူနာများ၊ Quarantine ဝင်ရောက်နေသူများ၊ ခက်ခဲသည့် အိမ်ထောင်စုများထံသို့ ပြန်လည်ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)