လက်ပံတို-သာကြီးတောင်-အရာတော်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ (CSR)ရန်ပုံငွေဖြင့် တည်ဆောက်ပြုပြင် ပြီးစီးသည့် စာသင်ကျောင်းဆောင်လုပ်ငန်းများပေးအပ်


ပခုက္ကူ စက်တင်ဘာ ၂၀


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လက်ပံတို-သာကြီးတောင်-အရာတော်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် စာသင်ကျောင်းဆောင်လုပ်ငန်းများ ပေးအပ်ပွဲကို စက်တင်ဘာလ ၂၀ရက် နေ့လယ် ၁၂နာရီခွဲအချိန်က ပခုက္ကူမြို့နယ်၊ ရေလာလေးစံပြကျေးရွာ၊ မူလတန်းလွန် ကျောင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လက်ပံတို-သာကြီးတောင်-အရာတော်ရေနံနှင့်သဘာဝ ဓာတ်ငွေ့ မြေကြီး ကြပ်ရေးအင်ဂျင်နီယာ ဦးအောင်မိုးက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR)ရန်ပုံ ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စာသင်ကျောင်း ဆောင်တည် ဆောက်ပြီးစီးမှုလုပ် ငန်းများ အကြောင်းရှင်းလင်းပြောကြားသည်။


 ဆက်လက်၍ (CSR) ရန်ပုံငွေကျပ်(၆၉)သိန်းကျော်ဖြင့် အလျား ၆၀ပေ၊ အနံ ၃၉ပေရှိသည့် ရေလာလေးစံပြ ကျေးရွာမူလ တန်းလွန်ကျောင်းအား မျက်နှာကြပ်တပ်ဆင်ခြင်း၊ ဆေးထပ်မံသုတ်ခြင်း၊ ရန်ပုံငွေကျပ် (၂၁)သိန်းကျော်ဖြင့်စာသင် ကျောင်းဆောင်နှစ်ခန်းတွဲ ရေလောင်းအိမ်သာတည်ဆောက်ခြင်း၊ ရန်ပုံငွေကျပ်ရှစ်သိန်းကျော်ဖြင့် စာသင်ကျောင်းဆောင်မိလ္လာကန်နှင့် ရေစုပ်ကန်တည်ဆောက်ခြင်းလုပ် ငန်းတို့နှင့်ပတ်သက်သည့် စာရွက်၊ စာတမ်း၊ အချက်အလက်များကို တည်ဆောက်ရေးလုပ် ငန်းတာဝန်ရှိသူများက ပေးအပ်ကြရာသက်ရာ ကျောင်း အုပ်ကြီးများ လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ကြသည်။


 

ထို့နောက်  တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေတို့အား တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှု စစ်ဆေးကြသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ နိုင်ငံတော် ပိုင်ကုမ္ပဏီက ဘဏ္ဍာရေးနှစ်တနှစ်၏ အမြတ်ငွေများမှ ရာခိုင်နှုန်းကို ဓာတ်ငွေ့လိုင်း၊ ရေနံလိုင်း ဖြတ်သန်းသည့် မြို့နယ်၊ကျေးရွာများရှိ ပညာရေး၊ကျန်းမာ ရေး၊လူမှုဘဝဖွံဖြိုး တိုးတက်ရေးနှင့်သဘာဝပတ် ဝန်းကျင်ထိန်း သိမ်းရေး လုပ်ငန်းများမှလိုအပ်   သည့်နေရာများတွင် နှစ်စဉ်တည်ဆောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


 ဆလိုင်းကိုကီး(ပြန်/ဆက်)